visitor list

ခုဘလော့က လုံးဝအသစ်ဖြစ်ပါတယ် ဘာမှစုံလင်အောင် မရှိသေးသော်လည်း ကျွန်တော်တို့ ဖက်က တတ်နိုင်သမျှစုံအောင် တင်ပေးနိုင်ဖို့ ကြိုးစားသွားပါမယ်ဗျာ :)

Saturday, February 15, 2014

IDM နဲ.မသက်ဆိုင်တာလေးတွေကို IDM နဲ.ပဲဒေါင်းမယ်

   Torrents Files/Youtube= mp3 and mp4 /Google Play Store

 မင်္ဂလာပါဗျာ ဒီပို.စ်လေးကို သိထားပြီးသားတွေဆိုရင်တော့ကျော်သွားကြပါ မသိသေးသူ များအတွက် အလွယ်ကူဆုံးဖြစ်အောင် မျှဝေလိုက်ခြင်းဖြစ်ပါတယ် အားလုံးသိကြတဲ့ အတိုင်း IDM ဆိုတာ Download ဆွဲရာမှာအကောင်းဆုံးလို.ပြောလို.ရတဲ့ ဆော့ဝဲလ်ဖြစ်ပါတယ် ဒါပေမဲ့ IDM နဲ.သုံးမရတဲ့ နေရာလေးတွေ ကြုံဖူးကြမယ်လို.လဲ ထင်ပါတယ် အခု အဲ့ ဒီလို IDM နဲ.ဒေါင်းလုပ်ဆွဲဖို.အဆင်မပြေတာတွေထဲက လိုအပ် မယ်ထင်တာလေးတွေကို ဆွဲနိုင်အောင် ကောင်းနိုးရာရာ နေ.စဉ်သုံး အသုံးဝင်မဲ့ အပိုင်းလေးတွေကို မျှဝေ ပေးချင်ပါတယ်.............

Torrents
ကျွန်တော်တို. နိုင်ငံခြားဆိုဒ်တွေကိုသွားရောက်လည်ပတ်တဲ့ အခါ မှာ ဆော့ဝဲလ်တွေကို Torrents ဆိုတာ နဲ.တင်ထားတာကြုံဖူးမှာပါ စက်ထဲမှာ Torrents Files Downloader ရှိမှဒေါင်းလို.ရနိုင်မဲ့ အနေအထားပါ ဖိုင်တစ်ခုရဖို. အလုပ်ရှုပ်ခံပြီး downloader ထပ်မထည်.ချင်ရင်တော့ လွယ်ပါတယ် အရင်ဆုံးအောက် လင့်ကိုဝင်လိုက်ပါ
https://www.zbigz.com/
ဒါဆိုရင်အောက်ကပုံမှာပြထားတဲ့ အတိုင်း ပွင့်လာပါမယ်


ကျွန်တော်စာရေးထားတဲ့ နေရာလေးမှာ torrents download ဆွဲမဲ့ လင့်ကို copy link location နဲ.ယူပြီး ထည်.ပါ ပြီးရင်တော့ Go ဆိုတာလေးကို နှိပ်ပြီး ခဏစောင့်ပေးပါ

အခုလိုပုံလေးပေါ်လာရင်တော့ free ကိုနှိပ်ပေးလိုက်ပါ ပြီးအောက်ကပုံလေးထဲမှာပြထားတဲ့နေရာလေးမှာ တစ်ရာရာခိုင်နှုန်းပြည်.တဲ့ အထိစောင့်ပေးလိုက်ပါ



ဒါဆိုရင် အောက်မှာပြထားသလို ဒေါင်းဖို.နေရာလေး ညာဖက်အောက်နားလေးမှာပေါ်လာပါမယ်


အခုလိုပေါ်လာရင်ကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကို ရဲရဲ သာနှိပ်လိုက်ပါ.......:D


ဒါဆိုရင် အိုခီပေါ့ဗျာ Internet Download Manager နဲ.တက်လာတာမြင်ရပါပြီ ထုံးစံအတိုင်းသာဒေါင်းယူ လိုက်ပါ။



Youtube
```````
ကျွန်တော်တို. youtube မှာလူတိုင်း video ဖိုင်တွေဒေါင်းယူဖူးကြမှာပါ တိုက်ရိုက်ကြည်.ရှုဖို.အဆင်မပြေတဲ့ ကျွန်တော်တို.နိုင်ငံရဲ.အင်တာနက်လိုင်း ကြောင့် ကိုယ်လိုချင်တာလေးတွေများရှိခဲ့ ရင် အရင်ဆုံးအချိန်ကုန် ခံဒေါင်းယူကြည်.ရှု နေကြရပါတယ် ဒီလိုအချိန်ကုန်ခံနိုင်တာတောင် တချို. ဖိုင်တွေက ဒေါင်းလို.အဆင်မ ပြေတာလေးတွေလူတိုင်းကြုံဖူးကြမှာပါ အဲ့လိုအဆင်မပြေ တဲ့ အခါ အောက်မှာပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ
http://www.en.savefrom.net/
ရောက်ပြီဆိုတာနဲ.အောက်က ပုံလေးလို ပေါ်လာမှာဖြစ်ပါတယ် တော်တော်များများလဲ သုံးဖူးကြမှာပါ  ကျွန်တော် ပြထားတဲ့နေရာလေးမှာ ကိုယ်ဒေါင်းချင်တဲ့ video ရဲ.လင့်ကို ထည်.ပြီး Download ဆိုတာလေး ကိုနှိပ်ပြီးခဏစောင့်ပေးလိုက်ပါ
ဒါဆိုရင်အောက်မှာပြထားတဲ့ ပုံထဲကအတိုင်း ပေါ်လာရင်တော့

ကျွန်တော်ပြထားတဲ့နေရာလေးကို နှိပ်ပေးလိုက်ရင် အောက်မှာပြထားသလို

IDM နဲ.ပွင့်လာပါပြီ ဒါဆိုထုံးစံအတိုင်း ဒေါင်းယူနိုင်ပါပြီ ဒါကတော့ ပုံမှန်အတိုင်းဒေါင်းယူမှုပါ ဒီလိုမဟုတ်ပဲ video ဖိုင်တွေကို ဒေါင်းပြီးမှ နားထောင်ဖို.သီးသန်.  mp3 ဖိုင်ပြန်ရဖို.အတွက်format factoryဆော့ဝဲလ် မျိုးနဲ.ပြန်အလုပ်ရှုပ်ခံနေရမဲ့ အစား ဒေါင်းယူထဲက အသံဖိုင်ပဲဒေါင်းယူ လိုက်ရင် ဖိုင်ဆိုဒ်လဲသေးသွားလို. ဒေါင်းယူရတာလွယ်ကူပြီး အလုပ်လဲမရှုပ်တော့ဘူးပေါ့ အဲ့လို mp3 သီးသန်.ဒေါင်းယူချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့်ကိုသွားလိုက်ပါ
http://youtube-mp3.org/ 
ပြီးရင်တော့ အောက်မှာပြထားတဲ့ပုံလိုပွင့်လာပါမယ်
ကျွန်တော်ပုံထဲမှာပြထားတဲ့ အတိုင် ကိုယ်ဒေါင်းချင်တဲ့ သီချင်းရဲ. url ကိုထည်.ပါ ပြီးရင် convert video ဆို တာလေးကို နှိပ်လိုက်ပြီးခဏစောင့်လိုက်ပါ

ပုံမှာပြထားတဲ့အတိုင်းပေါ်လာရင် ကျွန်တော်ဝိုင်းပြထားတဲ့ အတိုင်း Download ဆိုတာလေးကို နှိပ်လိုက်ပါ
ဒါဆိုရင်တော့ IDM ပွင့်လာပါပြီ ဘေးနားက Format ကိုတစ်ချက်ကြည်.လိုက်ပါအုံး mp3 အသံဖိုင်ပါဗျာ ထုံးစံအတိုင်းသာဒေါင်းလုပ်ချလိုက်ပါ အိုကေပါပြီဗျာ

Google Play
`````````
google play store က app တွေကို ဒေါင်းတဲ့အခါမှာကျွန်တော်တို. ဖုန်း ထဲက မဟုတ်ပဲ ကွန်ပြူတာပေါ်ကနေဒေါင်းမယ်ဆို အခက်အခဲရှိနိုင်ပါတယ် အလွယ်ကူဆုံး.ဒေါင်း လို.ရနိုင်မဲ့ နည်းလမ်းလေးပါ ဒါကတော့ IDM နဲ.ဒေါင်းလို.ရချင်မှရနိုင်မှာပါ Browser မှာရှိတဲ့ downloader နဲ. အလုပ်လုပ်မှာပါ အောက်ကလင့်ကိုဖွင့်လိုက်တာနဲ.

https://www.apps.evozi.com/apk-downloader/
ပုံထဲမှာမြင်ရတဲ့ အတိုင်းကျွန်တော်စာရေးပြီးပြထားတဲ့ box လေးထဲမှာ play store ကဒေါင်းချင်တဲ့ လင့် ကို copy ယူထည်.ပြီး Generate Download Link ဆိုတာကို ကလစ်ပေးလိုက်ပါ ဒါဆိုရင်အောက်ကပုံထဲကလို

ကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာနှိပ်ပြီး အလွယ်ကူဆုံး ဒေါင်းယူနိုင်ပါတယ်

ဒီပို.စ်လေးကိုတော့ ကျွန်တော်လေ့လာမိသလောက်လေးတွေသာပြန်လည်ဝေမျှခြင်းဖြစ်တဲ့ အတွက်အဆင် ပြေမယ်လို.မျှော်လင့်ပါတယ် ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးမှ တင်ပေးတာဖြစ်တဲ့အတွက် အဆင်မပြေပါ ကအောက်မှာသာမန်.ပေးခဲ့ပါ..............အားလုံးပဲအဆင်ပြေပါစေဗျာ
                                                                                                   (မြန်မာပြည်လူငယ်)

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

No comments:

Post a Comment